စုံလင်များပြားလှသော တောင်ပေါ်တိုင်းရင်းသားမျိုးနွယ်စုများ ၊ အပန်းဖြေ စခန်းများ နှင့် ရေတံခွန်များ ၊ တောင်တက်ခြင်း ၊ အဖွဲ့လိုက် လှေ လှော်ခြင်း ၊ ဆင်စီးခြင်း စသော အသေးစား ခရီးထွက်စူးစမ်းစွန့်စားမှု အစီအစဉ်များ ကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသရှိ တာ့ခ် ခရိုင်သည် အလှတရားများနှင့် နံမည်ကျော်လျှက်ရှိသည်။ ထိုင်း - မြန်မာ နယ်စပ် ရှိ တောင်ရိုးတောင်တန်းများနောက်ခံထားလျှက် ကိုယ်ပိုင်ရေကန်ကြီးတစ်ခု၏ အစပ်တွင် တည်ရှိနေသော စင်ထာရာ အစုဝင် မဲဆောက် စင်ထရာ ဟိုတယ်သည် မဲဆောက် လေဆိပ် သို့ ကားဖြင့် ၁၀ မိနစ်ခန့်သာ ကြာမြင့်ပြီး ချင်းမိုင်မြို့ သို့ လေးနာရီ ခန့်သာ မောင်းနှင်ရသည်။
နေရာသစ်အား စူးစမ်းလေ့လာသူများအဖို့ ခဏတာအခြေချနားခိုရာဖြစ်သည့် ဤဟိုတယ်မှ ရိုးရာယဉ်ကျေးမှု နှင့် မိမိနှစ်သက်ရာ သဘာဝအလှတရားအနေအထားများအလိုက် အခန်းများအား လွယ်ကူအဆင်ပြေစွာ ရွေးချယ်နိုင်ခွင့် ပေးထားပါသည်။ ပြန်လည်ဆန်းသစ် ပြင်ဆင်ခဲ့သော ရွေးချယ်စရာအခန်းများ ၊ အပန်းဖြေခရီးထွက်သူများ နှင့် အဖွဲ့များအတွက် အဆင်ပြေစေရန် ကောင်းမွန်သော ကျွေးမွေးဧည့်ခံခြင်းဝန်ဆောင်မှုများ သာမက အဆောက်အဦးတွင်း နှင့် အပြင် အခမ်းအနားများအတွက် နေရာများ ကျယ်ဝန်းလုံလောက်စွာ ရှိခြင်းကြောင့် ဟိုတယ်သည် အစည်းအဝေး အရွယ်အစား အမျိုးမျိုးအတွက် အဓိကကျသောနေရာတစ်ခုလည်း ဖြစ်ပါသည်။
Centara Hotels & Resorts is always looking for feedback and experiences from our guests.Take a moment to read what our guests have to say about us.
Phone: +66 (0) 5553 2601 -8
Fax: +66 (0) 5553 2600
Email: [email protected]