ပင်မဆောင်နှင့် တွဲဆက်ထားသော အဆောက်အဦး လေးခုအတွင်း ပုံမှန်အခန်း နှင့် ဧည့်ခန်းပါအခန်း (Suites) စုစုပေါင်း ၁၉၉ ခန်း ပါရှိပြီး ၂၆ စတုရန်းမီတာ မှ ၆၂ စတုရန်းမီတာ အထိ အခန်းအကျယ်အဝန်းအမျိုးမျိုးရှိသော မဲဆောက် စင်ထရာဟိုတယ်သည် အနီးအနား နေရာဒေသများ အပါအဝင် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်လိုသော ခရီးသွားအဖွဲ့များ နှင့် အားလပ်ရက်အပန်းဖြေခရီးထွက်သူများအတွက် သက်တောင့်သက်သာ အဆင်ပြေသော ခဏတာ နားခိုရာ နေရာတစ်ခုဖြစ်သည်။
ပြန်လည်ဆန်းသစ်ပြင်ဆင်ထားသော Superior (အထက်တန်း အခန်း) နှင့် Deluxe (အထက်တန်း အထူးခန်း) အခန်းများတွင် လှပသစ်လွင်သော အရောင်အသွေးများအား သစ်သားအပြင်အဆင်များနှင့် ပေါင်းစပ်ထားသော ခန်းတွင်းပြင်ဆင်မှုများ ၊ ပန်းခြံဝင်း သို့မဟုတ် ရေကူးကန်အား အပေါ်စီးမှ မြင်ရသော မြင်ကွင်း များနှင့်အတူ လူကြီး ၃ ဦး အိပ်စက်အနားယူနိုင်သော king-sized အိပ်ရာ သို့မဟုတ် လူကြီး ၂ ဦး နှင့် ကလေး ၁ ဦး အိပ်စက်အနားယူနိုင်သော twin ခုတင်များ ပါရှိပါသည်။
ပိုမိုကျယ်ဝန်းသော ဧည့်ခန်းအတွက် Junior Suite ငါးမျိုးထဲမှ မိမိနှစ်သက်ရာ တစ်မျိုးကို ရွေးချယ်နိုင်သည်။ သို့မဟုတ် ရေကန်ရှုခင်းအားမြင်ရသည့်ဧည့်ခန်း နှင့် ဧည့်သည် ၄ ဦးအထိ အိပ်စက်နိုင်သော ကျယ်ဝန်းသည့် အိပ်ခန်းပါဝင်သော Executive Suite ကို ရွေးချယ်နိုင်သည်။
၁၂ နှစ် နှင့် အထက် ကလေးများအား လူကြီး အဖြစ် မှတ်ယူသတ်မှတ်ထားသည်။