A MESSAGE FOR OUR GUESTS: COVID-19 UPDATE
Members Login GET 20% OFF ALL ONLINE RATES, Sign In OR Sign Up

Centra by Centara Hotel Mae Sot
Centra by Centara Hotel Mae Sot
Centra by Centara Hotel Mae Sot

If you find a lower rate elsewhere, we will match it and apply an extra 10% discount. See More

Meeting & Facilities

အေးချမ်းသာယာသည့် ခံစားချက်ကို ခံစားရရှိစေမည့် ရေကန်နံဘေး အခင်းအကျင်း ၊ လေဆိပ် နှင့် မဲဆောက်မြို့တွင်းသို့ အလွယ်တကူ သွားလာနိုင်ခြင်း ၊ အစီအစဉ်အခင်းအကျင်းနေရာ ခုနှစ်ခု အနက်မှ စိတ်ကြိုက် ရွေးချယ်နိုင်ခြင်း စသည့် အချက်များကြောင့် စင်ထာရာ အစုဝင် မဲဆောက် စင်ထရာ ဟိုတယ်သည် တာ့ခ်ခရိုင်အတွင်း အစည်းအဝေး နှင့် အခမ်းအနားများ အတွက် ထိပ်တန်းနေရာတစ်ခု ဖြစ်နေပါသည်။

အခန်းတွင်း အစည်းအဝေး ခန်းမများမှာ သင့်တင့်သော အရွယ်အစားရှိသည့် လူဦးရေ ၂၀ ဝင်ဆံ့သော ဖာ့ချရင်း အစည်းအဝေးခန်းမ (Phar Charoen meeting room) မှ လူဦးရေ ၄၅၀ အထိဆံ့သော ဇာတ်ရုံပုံစံ အတန်းလိုက်ထိုင်ခုံအခင်းအကျင်း သို့မဟုတ် လူဦးရေ ၃၀၀ အထိဝင်ဆံ့သော ဧည့်ခံပွဲပုံစံ အခင်းအကျင်း ပြုလုပ်နိုင်သည့် အကျယ်အဝန်း ဧရိယာ ၃၈၇ စတုရန်းမီတာရှိ မဲဆောက် ဘောလုံးခန်းမ (Mae Sot Ballroom) စသည့် အရွယ်အစားအထိ ရွေးချယ်နိုင်သည်။

အလယ်အလတ် အရွယ်အစားရှိသော ရေးဗားမွေး (River Moei) နှင့် ဆော့ဘ်မွေး (Sob Moei) အစည်းအဝေးခန်းမများတွင် လူဦးရေ ၁၀၀ ဦး အသီးသီး လက်ခံနိုင်ပြီး ဟိုတယ် ဧည့်ခန်းသည်လည်း သဘာဝအလင်းရောင် ၊ စန္ဒယား စသည်တို့ ရရှိနိုင်မည့် အသေးစား စုဝေးရာ နေရာတစ်ခုအဖြစ် ဖန်တီးနိုင်ပါသည်။

စိမ်းလန်းစိုပြည်၍ ကျယ်ဝန်းလှသော ပန်းခြံအတွင်းတွင် လူဦးရေ ၅၀၀ အထိ လက်ခံနိုင်သည့် အဆောက်အဦးပြင်ပ အစီအစဥ် အခမ်းအနားများ ပြုလုပ်နိုင်သည်။ လူဦးရေ ၁၀၀ လက်ခံနိုင်သည့် ရေကန်နံဘေး အခင်းအကျင်းသည် ပိုမိုလွပ်လပ်သော ခံစားမှုကိုရရှိစေနိုင်မည်ဖြစ်သည်။ အဆောက်အဦးတွင်း ဖြစ်စေ အဆောက်အဦးပြင်ပ ဖြစ်စေ စင်ထာရာအစုဝင် မဲဆောက် စင်ထရာ ဟိုတယ်ရှိ မည်သည့် အစီအစဉ်များအတွက်ကိုမဆို ကျွန်ုပ်တို့၏ အစားအသောက် တာဝန်ယူသည့်အဖွဲ့မှ စေတနာအပြည့်ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်သည်။ အခမဲ့ အင်တာနက်ကိုလည်း ပေးထားမည်ဖြစ်သည်။

ကျွန်ုပ်တို့၏ အစည်းအဝေး ခန်းမများနှင့် လက်ခံနိုင်သည့် လူဦးရေ နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ ပိုမိုသိရှိလိုပါက ဤနေရာကို နှိပ်ပါ။

အဆိုပြုလျှောက်လွှာ (Request For Proposal) တင်သွင်းလိုပါက ဤနေရာကို နှိပ်ပါ။

To find out more information about our meeting facilities as well as capacities for each event space please click here
If you would like to submit an RFP please click here

Gallery

Special Offers
BOOK NOW

Need help?

Live Chat